International News

တရုတ်နိုင်ငံက စားနပ်ရိက္ခာဖူလုံမှုအတွက် ဆောင်ရွက်နေမှုများ

Last Updated:

တရုတ်နိုင်ငံသည် COVID-19 ကပ်ရောဂါနှင့် ပထဝီဝင်နိုင်ငံရေးပဋိပက္ခများကြောင့် ဖြစ်ပေါ်လာသော ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာဖူလုံမှု အတွက် တုံ့ပြန်ရန် ထိရောက်သော အစီအမံများကို လုပ်ဆောင်ခဲ့ကြောင်း စိုက်ပျိုးရေးနှင့် ကျေးလက်ရေးရာဝန်ကြီးဌာနမှ ဗုဒ္ဓဟူးနေ့တွင် ပြော ကြားခဲ့သည်။

ဝန်ကြီးဌာန၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီမံကိန်းရေးဆွဲရေးဌာန အကြီးအကဲက ကပ်ရောဂါနှင့် ပထဝီဝင်နိုင်ငံရေးပဋိပက္ခများသည် ကမ္ဘာ့စိုက်ပျိုး ရေးသီးနှံများထုတ် လုပ်ခြင်းနှင့် ရောင်းချပေးနိုင်မှုတို့အပေါ် သက်ရောက်လျက်ရှိရာ ကုန်သွယ်မှု၊ ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းနယ်ပယ်ကိုပါ အခက်အခဲများဖြစ်စေလျက်ရှိကြောင်း ပြောကြားခဲ့သည်။

ကမ္ဘာ့ကပ်ရောဂါနှင့် ပဋိပက္ခများကြောင့် ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာဖူလုံမှုကို သက်ရောက်မှုရှိနေသည့်အတွက် အချို့နိုင်ငံများ က ကောက်ပဲသီးနှံနှင့် လယ်ယာထွက်ကုန်များတင်ပို့မှုကို ကန့်သတ်ရန် အစီအမံများချမှတ်လုပ်ဆောင်လျှက်ရှိကြောင်း ယခုနှစ်ဝက်အတွက် ပြု လုပ်သည့် စိုက်ပျိုးရေးနှင့်ကျေးလက်ဒေသစီးပွားရေးကို အလေးပေးသည့် သတင်းစာရှင်းလင်းပွဲတွင် အဆိုပါအကြီးအကဲက ပြောကြားခဲ့သည်။

ကမ္ဘာ့ဘဏ်မှ မကြာသေးမီက ထုတ်ပြန်ခဲ့သည့် ပူးတွဲကြေညာချက်တွင် ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာဖူလုံရေးအကျပ်အတည်းကို ဖြေရှင်းရန် အရေးတကြီး အရေးယူဆောင်ရွက်ကြရန် ဖော်ပြထားပါသည်။

တရုတ်နိုင်ငံသည် ကမ္ဘာ့စားနပ်ရိက္ခာအခက်အခဲဖြစ်နေမှုကို ဖြည့်ဆည်းပေးသည့်အနေဖြင့် စားနပ်ရိက္ခာဖူလုံလောက်ငှမှုရှိစေရန် စိုက်ပျိုးရေး အတွက် အရည်အသွေးကောင်းမွန်မှုမြင့်မားသည့် လယ်ယာမြေများ ဖော်ထုတ်ပြုပြင်ခြင်းနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို တီထွင်မှုဆန်း သစ်၍ အရှိန်မြှင့်လုပ်ဆောင်လျက်ရှိသည်။

ယခင်နှစ်က လူတစ်ဦးအတွက် ကောက်ပဲသီးနှံရရှိနိုင်မှုပမာဏမှာ ၄၈၃ ကီလိုဂရမ်ထိရှိခဲ့၍ ကမ္ဘာ့စားနပ်ရိက္ခာဖူလုံလောက်ငှမှုအတွက် လူတစ်ဦး သတ်မှတ်နှုန်းထက် ပိုမိုများပြားခဲ့ပါသည်။ တရုတ်နိုင်ငံအနေနှင့် ပြည်တွင်းသတင်းအရင်းအမြစ်များကိုအခြေခံ၍ ကမ္ဘာ့လူဦးရေ၏ ငါးပုံတစ်ပုံ အတွက် စားနပ်ရိက္ခာအခက်အခဲကို ဖြေရှင်းပေးနိုင်ခဲ့ခြင်းက ကမ္ဘာ့စားနပ်ရိက္ခာဖူလုံမှုအတွက် များစွာအထောက်အကူဖြစ်ခဲ့ကြောင်း ဆက်လက် ပြောကြားခဲ့ပါသည်။ တစ်ချိန်တည်းမှာပင် တရုတ်နိုင်ငံသည် စားနပ်ရိက္ခာအတွက် အခက်အခဲဖြစ်နေသည့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကောက်ပဲသီးနှံ များတိုးမြှင့်ထုတ်လုပ်နိုင်ရန်နှင့် စားနပ်ရိက္ခာဖူလုံမှု ပိုမိုရရှိစေရန် China-FAO South-South Cooperation Programme အပါအဝင် စီမံကိန်း များဖြင့် ကူညီပံပိုးပေးလျက်ရှိကြောင်း၊ တရုတ်နိုင်ငံသည် လှူဒါန်းမှုများနှင့် ကျွမ်းကျင်သူပညာရှင်များ ကူညီထောက်ပံ့ရာတွင် အများဆုံးကူညီ ပံ့ပိုး ပေးနေသူဖြစ်ကြောင်းလည်း ပြောကြားပါသည်။

လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် အဓိကနိုင်ငံများဖြစ်သည့် တရုတ်နှင့် အမေရိကန်သည် ကမ္ဘာ့စားနပ်ရိက္ခာအတွက် အခြေခံအဆောက်အအုံများမှ အစ စိုက်ပျိုးထုတ်လုပ်ဖြန်းဖြူးရောင်းချသည့် လုပ်ငန်းစဉ်တစ်လျောက်နှင့် စိုက်ပျိုးရေးထွက်ကုန်များအတွက် ဈေးကွက်များရရှိစေရန် အနာဂတ် တွင် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများနှင့် ဆက်သွယ်မှုများကို ကြိုးပမ်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း ၎င်းကဆိုပါသည်။

ယူကရိန်းနိုင်ငံတွင် စစ်မက်ပဋိပက္ခဖြစ်နေသည့်အတွက် နိုင်ငံကထွက်ရှိသည့် ပဲပုပ်ရရှိနိုင်မှု အကျပ်အတည်းဖြစ်ပေါ်နေခြင်းနှင့် နေကြာဆီတင်ပို့ နိုင်မှုအခက်အခဲတို့ကြောင့် ကမ္ဘာ့ပဲပုပ်နှင့် စားသုံးဆီဈေးနှုန်းများ မြင့်တက်လာကြောင်း၊ ရလဒ်အနေဖြင့် ပြည်တွင်းဈေးနှုန်းများ မြင့်တက်လာပြီး ရှန်ဒေါင်ပြည်နယ်တွင် ယခင်လက တင်သွင်းလာသည့် ပဲပုပ်ဈေးနှုန်းသည် တစ်ကီလိုဂရမ်လျှင် ၅.၅ ယွမ် မြင့်တက်ခဲ့ပြီး ၁၄.၇ ရာခိုင်နှုန်းမြင့် တက်လာကြောင်း၊ ပဲပုပ်ဆီဈေးနှုန်းနှင့် rapeseed oil ဈေးနှုန်းများလည်း ၃၀ ရာခိုင်နှုန်း ဈေးတက်လာကြောင်း ဈေးကွက်နှင့် သတင်းအချက် အလက်ဌာနကဆိုပါသည်။

rapeseed အထွက်နှုန်းမှာ စံချိန်တင်အမြင့်ဆုံးဖြစ်ကာ ခြောက်နှစ်အတွင်း ထုတ်လုပ်မှုပမာဏ အများဆုံးဖြစ်ခဲ့ကြောင်း၊ လက်ရှိအချိန်တွင် ပြောင်းနှင့်ပဲပုပ်သီးနှံ စိုက်ဧကပေါင်း ဟက်တာတစ်သန်းကျော်ရှိပြီး ပဲပုပ်စိုက်ပျိုုးမှုတွင် များစွာတိုးလာသည်ဟု ထင်မြင်ပါကြောင်း၊ နွေကောက်ပဲ သီးနှံထွက်ရှိမှု တန်ချိန် ၁၄၇.၄ သန်းရှိရာ ယခင်နှစ်ထွက်ရှိမှုထက် တန်ချိန် ၁.၄ သန်းတိုး၍ ထွက်ရှိခဲ့ကြောင်း၊ ဂျုံထုတ်လုပ်မှုတွင် တန်ချိန် ၁၃၅.၇ သန်းထွက်ရှိခဲ့ပြီး ယခင်နှစ်ထက် ၁ ရာခိုင်နှုန်း ပိုထွက်ခဲ့ ကြောင်း၊ စပါးစိုက်ပျိုးဧရိယာမှာ ပုံမှန်တိုးလာသည်ဟု မှန်းဆရပြီး ၆၀ ရာခိုင်နှုန်းကျော် ရိတ်သိမ်းပြီးဖြစ်ကြောင်း၊  နိုင်ငံ၏ ကောက်ပဲသီးနှံနှစ်စဉ်ထွက်ရှိမှု၏ ၇၅  ရာခိုင်နှုန်းရှိသည့် ဆောင်းသီးနှံသည်လည်း အထွက်များနိုင်ကြောင်း၊ ဆောင်းသီးနှဲထွက်ရှိမှု၏ သုံးပုံတစ်ပုံထွက်ရှိသည့် အရှေ့မြောက်ဒေသတွင် စိုက်ပျိုးဧရိယာနှင့် ထွက်ရှိမှုတိုးလာမည်ဟု မျှော်မှန်းရပြီး မိုးရေရရှိမှု ပိုများလာပြီး အစိုဓါတ်ကောင်းစွာရရှိသောကြောင်း ပုံမှန်ထက် အထွက်များလာမည်ဟု မျှော်မှန်းကြောင်း၊ သို့သော် ကျေးလက်ဒေသများတွင် သဘာဝဘေးအန္တရာယ်များ ကျရောက်လာမှုများက စိုက်ပျိုးရေးကဏ္ဍတွင် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရဆဲဖြစ်ကြောင်း၊ တောင်သူလယ်သမား များသည် ဝင်ငွေတိုးတက်ရရှိစေရန်နှင့် အလုပ်အကိုင်ရရှိမှုတိုးလာစေရန်မှာ စိုက်ပျိုးရေးကဏ္ဍနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့တွင် ရင်းနှီးမြှုပ်နှံမှု တိုးတက်နှုန်းမှာ နှေးကွေးလျက်ရှိကြောင်း ဌာနဆိုင်ရာတို့မှ ပြောကြားလျက်ရှိပါသည်။

 

(ရီရီဝင်း၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့)

http://www.chinadaily.com.cn/a/202207/21/WS62d88d78a310fd2b29e6d7cf.html

 

Category: International News